ပူတာအို ဇွန် ၂၈
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်းရန်ပုံငွေဖြင့် ကျေးရွာ လေးရွာ ရွာတွင်းလမ်းသဲ ကျောက်ခင်းခြင်းလုပ်ငန်းကို၂၀၂၁-ခုနှစ် မေလမှစတင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း (၅၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။
လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်းခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း(၇၆) သိန်းဖြင့် ဆာရ်ခွမ်ဒမ်း ကျေးရွာအုပ်စု ပင်စင်ကျေးရွာတွင် ကွန်ကရစ်ဘောင်ဖြင့် ရွာတွင်းလမ်း(၁)မိုင်(၃)ဖာလုံ သဲကျောက် ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း(၇၃)သိန်းဖြင့် ထဝါဒမ်းကျေးရွာ ရွာတွင်းလမ်း (၂)မိုင်(၈)ဖာလုံ သဲကျောက်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ်သိန်း ပေါင်း(၇၄)သိန်းဖြင့်
ဂျူဗလီကျေးရွာ ရွာတွင်းလမ်း(၃)ဖာလုံ သဲကျောက်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း(၇၃)သိန်းဖြင့် စာရိတ္ထကျေးရွာ ရွာတွင်းလမ်း(၃) ဖာလုံ သဲကျောက်ခင်းခြင်းလုပ်ငန်းတို့ကို ကျေးရွာလူထုကိုယ်တိုင် လုပ်အားခရယူပြီး စက်တင်ဘာလအတွင်း အပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းစီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စုအတွင်းရှိ ပင်စင်ကျေးရွာ အိမ်ခြေ(၅၈)အိမ်၊လူဦးရေ(၃၅၈)ဦး၊ ထဝါဒမ်းကျေးရွာ အိမ်ခြေ(၆၆)အိမ်၊ လူဦးရေ (၃၀၃)ဦး၊ ဂျူဗလီကျေးရွာ အိမ်ခြေ (၁၀၈)အိမ် လူဦးရေ(၅၉၃)ဦးနှင့်စာရိတ္ထကျေးရွာ အိမ်ခြေ(၂၉)အိမ်၊လူဦးရေ(၁၅၆)ဦး စုစုပေါင်းအိမ်ခြေ(၂၆၁)အိမ် လူဦးရေ(၁၄၁၀)ဦးတို့အတွက် များစွာ အထောက်အကုပြုမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်တာ၀န်ရှိသူများက ယမနေ့ မွန်းလွှဲပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသတ်မှတ်ကာလ အချိန်မီ ပြီးစီးရေး၊ သတ်မှတ်အရည်အသွေးပြည့်မီရေးတို့ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။