မတ္တရာ ဇွန် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်လေးဆည်အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆည်အတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်းမှထုတ်လုပ်သော ငါးမြစ် ချင်း ငါးမျိုးကောင်ရေ (၁၅၀၀၀၀)နှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ(၁၅၀၀၀၀)၊ သရက်ကုန်း ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ငါးမျိုးကောင်ရေ(၁၀၀၀၀၀)နှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ (၁၀၀၀၀၀) စုစုပေါင်း ငါးမျိုးကောင်ရေ(၅)သိန်းခန့်အား မတ္တရာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးဌာနမှူး ဦးဇော်လင်းသိန်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးတင်မြင့်အောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းသန့်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆည်တော်ကြီး ရေလှောင်တမံမှတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်စုအုပ်ချုပ်ရေးမှူး၊ ရေနံ့သာ ငါးလုပ်ငန်းစခန်းမှ တာဝန်ခံများနှင့် ဝန်ထမ်းများ စုပေါင်းစိုက်ထည့်ခဲ့ကြသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေ ရေး၊ ငါးမျိုးများ မပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံး နိုင်ရေးအတွက် ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများ အတွင်းသို့ နှစ်စဉ် စိုက်ထည့်ပေး လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)