တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကုသမည့် အထူးကြပ်မတ်ဆောင် ကြိုတင်ပြင်ဆင်

တန့်ယန်း  ဇွန်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကုသမည့် အထူးကြပ်မတ်ဆောင် ကြိုတင်ပြင်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကုသပေးနေသည့် အထူးကြပ်မတ်ဆောင်အား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ သံဃာဆောင်တွင် ဖွင့်လှစ်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လေးဦးအား ကုသပေးနေကာ လိုအပ်လာပါက အသုံးပြုရန်အတွက် ပြည်သူ့ဆေးရုံကြီး နှစ်ထပ်ဆောင် အပေါ်ထပ်တွင် မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာစိုးသန်းထိုက်နှင့် ဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                          

မင်းလွင်ဦး(ပြန်/ဆက်)