ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄)နာရီအချိန်နှင့် တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦး ရင်ဘက်အောင့်လာ သဖြင့် ဆေးရုံပို့ ရန် အကူအညီတောင်းခံလာခြင်းနှင့် အမျိုးသမီးတစ်ဦး ဗိုက်အောင့်လာသဖြင့် ဆေးရုံပို့ရန် အကူ အညီတောင်းခံလာသဖြင့် ယမန်နေ့ ညပိုင်းက ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါ ဖြစ်ပွားသည့်နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး သီရိစန္ဒာဆေးရုံသို့ အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေ နီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို