ဗိုလ်တထောင် ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများက မူးယစ်ဆေးဝါး အသိပညာပေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ရုံး Community Center ခန်းမ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဆရာလေး အောင်ဟိန်းသူက စာရေးဆရာ ခိုင်ချစ်အောင်၏ "အဖြူရောင် ရေခဲလွင်ပြင်နှင့် အညိုရောင်ချောကလက်အိပ်မက်” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးရာ၊ စာပေချစ်မြတ် နိုးသူအဖွဲ့မှ ဒေါ်မေနှင်းသန့်နှင့် ဒေါ်နန္ဒာတို့က ဖြည့်စွက်ဆွေးနွေးကြသည်။ ဗိုလ်တထောင်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း