သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေး

 

 

ရန်ကုန်   ဇွန်   ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယနေ့နံနက် ၁၀ နာရီက (၁၆)ရပ်ကွက်၊ အပိုင်း(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဉီးစီးအရာရှိ ဉီးရဲထွန်းခေါင်းဆောင်သော အဖွဲ့မှ သင်္ဃန်းကျွန်းမြို့နယ် (၁၆)ရပ်ကွက်၊ အပိုင်း(၃)အတွင်းနေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

 

သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက် အရ သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် မေလ ၃ ရက်နေ့ကစတင်ပြီး ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်းနေထိုင်၍  အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွှေပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး