နောင်ချိုမြို့ပေါ်ရှိ lock down ချထားသော နေအိမ်များသို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ စားသောက်ကုန်များ ပေးပို့လှူဒါန်း

နောင်ချို  ဇွန်  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ lock down ချထားသော နေအိမ်များသို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ စားသောက်ကုန်များကို ယမန်နေ့ က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ပေါ်တွင် ဇွန်လ ၁၉ရက်နေ့မှစ၍ နေ့စဉ်ပိုးတွေ့လူနာများ တွေ့ရှိခဲ့ရာ အဆိုပါပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့ပြီး အသွားအလာ ကန့်သတ်ထားသည့် နေအိမ်များသို့ သဖန်းကိုင်းပရဟိတဆရာတော် ဦးဆောင်သော လူမှုကူညီရေးအသင်းမှ ဟင်းသီးဟင်းရွက်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို ပေးပို့ကူညီလှူဒါန်းပေးခဲ့သည်။

သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ Positive Center ရှိ ပိုးတွေ့လူနာများကိုလည်း အစားအသောက်များချက်ပြုတ် ပေးပို့သွားရန် စီစဉ်လျက်ရှိပြီး လှူဒါန်းလိုသူများမှ ကူညီလှူဒါန်းလိုပါက သဖန်းကိုင်း ပရဟိတအသင်းသို့ အလှူပစ္စည်းများ လှူဒါန်းနိုင်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)