သိန္နီမြို့ မြို့မဈေးအား Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် (၁၄)ရက်ယာယီ ပိတ်သိမ်း

သိန္နီ   ဇွန်   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊သိန္နီမြို့တွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ယမန်နေ့မှစ၍ သိန္နီမြို့ မြို့မဈေးအား (၁၄) ရက်ကြာ ယာယီ ပိတ်မည်ဖြစ်ကြောင်း သိန္နီမြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနမှ  သိရသည်။

ယခုအခါ သိန္နီမြို့နယ်အတွင်း Covid-19 ရောဂါကူးစက်သူ စုစုပေါင်း( ၅ )ဦး အထိရှိလာပြီ  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ ( ၁၀ )ရက်နေ့အထိ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)