ကြာအင်းဆိပ်ကြီး ဇွန် ၂၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာနှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ တိုင်းဒေသ ကြီး ပြည်နယ်များ၌ ကရင်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံး ပြည်နယ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်ပြည်နယ်၌ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးမြို့နယ်ဖြစ်ပြီး စိုက်ဧကပေါင်း (တစ်သိန်းတစ်သောင်းကျော်) ဧက(၁၁၀၀၀၀)ကျော်ရှိပြီး ယခုနှစ်များတွင် မြို့နယ်အတွင်း၌ ရော်ဘာပင်အို ပင်ဟောင်းများ အား ခုတ်လှဲမှုမှာ ဧက(၄၀၀၀၀)ကျော်ရှိကြောင်းသိရသည်။ အဆိုပါခုတ်လှဲခဲ့သည့် ရော်ဘာ ပင်အိုဟောင်းများနေရာတွင် ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာပင်အိုခုတ် တောင်သူများအား ရော်ဘာပျိုးပင်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်က မြို့နယ်စိုကိပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
၎င်း ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးကရော်ဘာပျိုးပင်များပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီး မြို့နယ်ရော်ဘာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝေလင်းညွှန့်က ရော်ဘာမျိုးကောင်းမျိုးသန့်စိုက်ပျိုးမှုနည်းပညာ များ ရော်ဘာအစေးထုတ်လုပ်မှုနှင့် အရည်အသွေး ဈေးနှုန်းရရှိမှုအခြေအနေများအား ရှင်း
လင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရော်ဘာပင်အိုခုတ်တောင်သူများအား စိုက်ပျိုးချိန် အချိန်မီစိုက်ပျိုးနိုင်စေရေးအတွက် တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် ရော်ဘာ ပျိုးပင်(BPM-24 )မျိုးကောင်းမျိုးသန့် ပျိုးပင်များအား ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး