မိတ္ထီလာမြို့နယ် မကျီးစုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှ အခြေခံပညာ မူလတန်း ကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဇွန် ၂၈

မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ မကျီးစုကျေးရွာအတွင်းရှိ ကျေးရွာလေးရွာမှ အခြေခံပညာ မူလတန်း ကျောင်းများတွင် ယမန်နေ့က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို  သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းတို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယခုအခါအခြေခံပညာ စာသင်ကျောင်းများမှာ ပြန်လည် ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား လျက်ရှိသောကြောင့် အဆိုပါ ကျောင်းများတွင် ပညာသင်ယူ လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူရာတွင် ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အကူအညီ တောင်းခံမှုဖြင့် မိတ္ထီလာခရိုင် မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက မကျီးစု ကျေးရွာအုပ်စုအတွင်းရှိ မကျီးစု၊ ပျဉ်သာ၊ ညောင်ကုန်း(စံပြ)၊ ကန်နီကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများရှိ လူအများ အသုံးပြုလျက်ရှိသော နေရာများ၊ စာသင်ဆောင်များ၊ စာသင်ခုံများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူမှာ ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ သံဃာတော် (၇)ပါးနှင့် အမျိုးသားတစ်ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်