ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီးတွင် ရိုးမရိပ်သာ ကိုဗစ်(၁၉) ကုသရေးဌာန၌ ကွာရန်တင်း၁၀၀၀၊ ကိုဗစ် (၁၉)ရောဂါ အတည်ပြုလူနာ ၅၇၆ဦးကို လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်း ကိုဗစ်(၁၉ )ရောဂါ ကုသရေးဌာန အင်းယားစင်တာ၌ ကိုဗစ်(၁၉)ရောဂါ အတည် ပြုလူနာ ၄၀၀၊MCC ကိုဗစ်(၁၉)ရောဂါ ကုသရေးဌာနတွင် ရောဂါအတည်ပြုလူနာ ၂၅၀တို့ကို လက်ခံကုသ ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
MCC ကိုဗစ်(၁၉)ရောဂါ ကုသရေးဌာနအနေဖြင့် ဇွန်၂၆ ရက်မှစ၍ လူနာလက်ခံကုသပေးနေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါကုဆေးရုံသစ်ကြီး(ရန်ကုန်)တို့တွင်လည်း လူနာများလက်ခံကုသ ပေးနေပြီဖြစ်ကြောင်းသိရသည်။ တစ်ကျော့ပြန် မြင့်တတ်လာသော ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) ရောဂါပိုးကူးစက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်းသိရသည်။
စန္ဒာမိုး