ဒဂုံမြောက် ဇွန် ၂၈
ကိုဗစ် -၁၉ ရောဂါသည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြစ်ပွားခဲ့ရာ ကိုဗစ် -၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို ပြည်သူများ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး ယခုအချိန်တွင် တစ်ကျော့ပြန် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇသစ် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးများ မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ်နိုင်ရန် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပေါ့ဆမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များပါရှိသော အသိပညာပေးဗီနိုင်းများအား လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းဆုံလမ်းခွများ၊ ကားဂိတ်များ တွင် ရပ်ကွက်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ချိတ်ဆွဲကြေငြာထားရှိပေးလျက်ရှိ ကြောင်း သိရသည်။
မြင့်မြင့်ရီ