ကျိုက်ဒုံမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဇွန် ၂၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ်(၉.၉)ကျပ်သန်းဖြင့် အမှတ်(၃) ရပ်ကွက်ကျောက်စိမ်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှတ်(၃)ရပ်ကွက် ကျောက်စိမ်းလမ်း ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာမှာ လမ်းပေ အရှည်(၄၅၀)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက်မထုရှိပြီး ဒေသနေပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)