ငါန်းဇွန်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်   ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)နှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို ရေးသားသည့် “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်မှုရှိစေရန် အပတ်စဉ်တနင်္လာ နေ့တိုင်း စာဖတ်ဝိုင်းကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) မှ နာယက ဦးအေးလှိုင်၊ အဖွဲ့ဝင် ဒေါ်သင်းသင်းဆွေနှင့် ဒေါ်မိုးမိုးစံ၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက မိမိတို့ ဖတ်ရှုခဲ့သည့် စာရေးဆရာ ချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ”စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို တစ်ဦးချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

သက်နောင်ဦး(ငါန်းဇွန်)