ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာ ပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့် ဆောင်ရွက်

 

ပေါင်းတည်  ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သ‌ပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှအဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍  ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများမှ ရန်ကုန် -ပြည်ကားလမ်းဘေး ရှိစစ်ဆေးရေးဂိတ်တွင် မြို့အတွင်းဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှုရှိ/ မရှိစစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေး၊ အပူချိန်များတိုင်းတာ​​​ခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask ကိုစနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ပညာပေးဆောင် ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှသိရသည်။

ချစ်နှင်းသုန်