တာချီလိတ် ဇွန် ၂၈
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၏ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ၁၉၈၉ ခုနှစ် အမျိုးသားစာပေဆုရစာအုပ်၊ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်ထဲရှိ မိမိကြိုက်နှစ်သက်ရာ စာပိုဒ်များကို ရွေးချယ်ဖတ်ကြားပြီး မိမိ၏သဘောထားအမြင်များကို ရှင်းလင်းပြောကြားခြင်း ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ မိမိတို့၏နှစ်သက်ရာစာပိုဒ်ပါအကြောင်းအရာများကို တစ်ဦးချင်းအလိုက် သဘောထား အမြင်များ ရှင်းလင်းပြခြင်း၊ အမြင်များဖလှယ်ခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည်။
ယာဆေး (ပြန်/ဆက်)