နွားထိုးကြီး၊ ဇွန် ၂၈
နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းနှင့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၆)ဦးတို့သည် အနံ့မရရှိသဖြင့်၎င်းတို့၏နေအိမ်များတွင် သွားရောက်၍ ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးနိုင်ရန် ၎င်းတို့၏ Swab များရယူကာ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ထားရှိပြီး ၎င်း(၁၁)ဦးအား H.Q ထားရှိကြောင်းသိရသည်။
အဆိုပါအနံ့ပျောက်(၁၁)ဦးအား Swab များရယူ၍စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ၎င်းတို့(၁၁)ဦးအား နွားထိုးကြီးမြို့၊ပြည်သူ့ဆေးရုံရှိ (၄)ထပ်တိုက်ဆောင်ဝန်ထမ်း အိမ်ရာတွင်ထားရှိ ဆေးကုသမှုခံယူလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၁)ဦးနှင့်ထိတွေ့ ဆက်စပ်ခဲ့သူ(၁၄)ဦးကို စစ်ဆေးဖော်ထုတ်ပြီး နွားထိုးကြီး မြို့၊ ဘိုးဘွားရိပ်သာတွင် FQ ထားရှိခဲ့သည်။ နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူ စုစုပေါင်း(၁၈)ဦးရှိပြီး သေဆုံးမှုမရှိကြောင်းသိရ သည်။
သန်းအောင်ဇော်