ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ ကြေညာချက်ဖြင့် ရန်ကုန်မြို့အတွင်းရှိ စီးတီးတက္ကစီများ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်၍ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ယာဉ်မှတ်ပုံတင်သက်တမ်းနှင့် လုပ်ငန်းလိုင်စင် သက်တမ်းရှိသော တက္ကစီယာဉ်များအားလုံး စီးတီးတက္ကစီမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချိန်းဆိုထားသောရက်တွင် ကားယူလာရန်နှင့် လိုအပ်သော စာရွက်စာတမ်းများ ယူဆောင်၍ ဆောင်ရွက်မည့်သူတစ်ဦးသာ လာရောက်ရမည်ဖြစ်ကြောင်း၊ ယာယီရပ်ဆိုင်းထားသောကာလနှင့် မတိုင်မီကာလက ကျန်ရှိခဲ့သောလလွန်၊ နှစ်လွန်ကြေးများကို ကောက်ခံမည် မဟုတ်ဘဲ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ရက်ချိန်းပေးထားသောကားများ သတ်မှတ်ကာလကျော်လွန်၍ လာရောက်ပါက ယခင်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။
စန္ဒာမိုး