မိုင်းကိုင် ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး လူရွေး ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့မအားကစားကွင်း၌ ဇွန်လ ၂၅ ရက်နေ့မှစကာ လူငယ်အားကစားအသင်း ၈ သင်းဖြင့် အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ရာ ယနေ့ မနက်ပိုင်း တွင် All In One(A) အသင်းနှင့် Grey Hounds အသင်းတို့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားခဲ့ သည်။
ပွဲစဉ်ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ဖူဆယ်ဘောလုံးအသင်း နှစ်သင်းလုံးသည် နှစ်ဂိုးစီသရေရရှိသဖြင့် ပယ်နထီဂိုးအဆုံးအဖြတ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ Grey Hounds အသင်းသည် All In One (A) အသင်း ကို ၂-၁ ဂိုးဖြင့် အနိုင်ဂိုးသွင်းနိုင်ခဲ့သည့်အတွက် ဖိုင်နယ်ပွဲစဉ်သို့ ဆက်လက်ယှဉ်ပြိုင်နိုင်ရေး တက်ရောက်နိုင်ခဲ့ ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်