မြစ်ကြီးနား ဇွန် ၂၇
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှကြီးမှူး၍ ကမ္ဘာ့ သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဆိမ်ဆာ့လမ်း၊ စက်မှုရပ်ကွက်ဗလမင်းထင်ချဉ်းကပ် လမ်းနှင့် ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင်
အရိပ် ရသစ်ပင်များ ကို ယနေ့နံနက် ၈ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် အရိပ်ရအပင် များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့ အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့အပ်ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကစီတာပူရပ်ကွက်၊ ဆိမ်ဆာ့လမ်းရှိ ကုန်တင်ကုန်ချကွင်း အနီးလမ်းဘေးဝဲ/ယာတို့တွင် အရိပ်ရပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုရပ်ကွက်၊ ဗလမင်း ထင်ချဉ်းကပ်လမ်းနှင့် အေးမြသာယာရပ်ကွက်၊ ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ချယ်ရီ၊ ခရေ၊ ပုန်းညှက်၊ အာဖရိကန်ကျူးလစ်၊ စက္ကူပန်း၊ ပိတောက်၊ ငုဝါ၊ မန်ဂျန်ရှား၊ ပန်းအိ၊ စိန်တံခြူ၊ အာဆီယံသပြေပင်စသည့် အရိပ်အပင်များ စိုက်ပျိုးနေမှု ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း မြို့တွင်း လမ်းဘေးဝဲ/ယာများနှင့် မြေယာရှုခင်းများတွင်မိုးရာသီအရိပ်ရသစ်ပင်စုစုပေါင်း ၃၀၀၀၀ ကို စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။