မိုင်းဖြတ်၊ ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီခွဲအချိန်ခန့်က ဆိုက်ခေါင်းကျေးရွာအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်သစ်ပင်များကို မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေး တို့ထံ ပေးအပ်ပြီးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ ဆိုက်ခေါင်ကျေးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာနေ မိဘပြည်သူများက သက်မှတ်မြေနေရာများ၌ မန်ဂျန်ရှား ၅၀၀ပင်၊ ကျွန်း၂၀ပင်၊ မယ်ဇလီ ၇၀ပင်၊ ပျဉ်ကတိုး ၂၀ပင်၊ ခါတော်မှီ ၂၀ပင်၊ ထောပတ် ၃၀ပင်၊ ပိတောက် ၂၀ပင်၊ စုစုပေါင်း ၆၈၀ပင်တို့ကို စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး