လှိုင်းဘွဲ ဇွန် ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး MASK CAMPAIGN ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာနေရာများတွင် အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေး၊ ပိုင်ကျုံလမ်းခွဈေးနှင့် ဒိုင်းပြဈေးနေရာများတွင် ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြခြင်း၊လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ဆောင်ရန်/ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိသူများအား MASK CAMPAIGN ဆောင်ရွက်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့၊ မိမိအိမ်တွင် နေထိုင်ခြင်း၊ ကျန်းမာစွာ နေနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များ၊ လူ(၅)ဦးထက် စုဝေးခြင်းကို ရှောင်ကြည်ပါ အသိပညာပေးပိုစတာများကို လူစည်ကားရာနေရာများတွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။