မက်မန်းမြို့တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ပြည်သူများသိစေရန် အသိပေးကြေညာချက်

မက်မန်း ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မက်မန်း မြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် ဦးစီးအဖွဲ့များသည် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့်  အသိပေး ကြေညာချက် ပြည်သူများသိရှိလိုက်နာစေရန် ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကြေညာချက်များနှင့်ပတ်သက်ပြီး မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ၊ ခရီးသွားပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက် နှင့် ကွန်ဟောင်းကျေးရွာသို့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် အချက်များကို အသံသွင်းပြီး ကားဖြင့်စီးတန်း လှည့်လည် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ပန်းကျင်