မြိုင် ဇွန် ၂၆
မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာေစာင်၊ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းတို့ကို ယနေ့နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ကျင်းပသည်။
အဆိုပါအထိမ်းအမှတ်ပွဲတွင် မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာစောင်များ၊ဓာတ်ပုံများ၊ စာအုပ်ပြခန်းတွင် သုတ/ရသ အဖြာဖြာ စာအုပ်များကို ခင်းကျင်းပြသထားရာ စာချစ်သူများက လေ့လာကြည့်ရှုကြပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပ သည်။
ထို့နောက် တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည့် စာချစ်သူများက ပြပွဲတွင်ပြသထားသည့် မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာေစာင်၊ဓါတ်ပုံများမှ လိုက်နာရှောင်ကြဉ်ရမည့် အကြောင်း အရာများနှင့် လူထုဦးလှ ရေးသားထားသော အရက်သမားအမှားတစ်ထောင်စာအုပ်မှ အကြောင်း အရာများကို အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။
မိုးကြီး (မြိုင်)