ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် စိမ်းလန်းစိုပြေစေရေး အရိပ်ရသစ်ပင် ၃၀၀ စိုက်ပျိုး

ကျိုင်းတုံ ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာ၊  ဗုဒ္ဓဥယျာဉ် စိမ်းလန်းစိုပြေစေရေး အရိပ်ရ စိန်ပန်းနီ သစ်ပင် ၃၀၀ စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ဗုဒ္ဓဥယျာဉ် ပုရိဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများသည် ဗုဒ္ဓဥယျာဉ် အမြဲတမ်းစိမ်းလန်း စိုပြေစေရေး၊ လေထုသန့်စင်စေရေး၊ ရာသီဥတုမျှတစေရေးတို့အတွက် အရိပ်ရ စိန်ပန်းနီပျိုးပင် ၃၀၀ ကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ  စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး သည်။

ဆက်လက်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဗုဒ္ဓဥယျာဉ်တွင် တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိစေတော်မြတ်ကြီး တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်