ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းကြည်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၂၆
 
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဋ္ဌ ဦးခက်ထိန်နန်နှင့် ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြသမှု အခမ်းအနားအား တက်ရောက်အားပေးခဲ့သည်။
 
ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြစ်ကြီးနားမြို့၊ ပလနနယ်မြေ(၁)ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ် ဆောက်လုပ်ရန်လျာထား မြေနေရာ ‌‌ဧက (၃၀)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရွှေစက်ရပ်ကွက်အတွင်း ပလန-၅ (သဇင်မြိုင်ကျေးရွာနှင့် နောင်တောင် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
 
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ် ပညာ‌ရေး‌ကောလိပ်‌ လေ့ကျင့်ရေး အလယ်တန်း ကျောင်းဝန်းအတွင်း၌ ပြုလုပ်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦ ပြိုကျပျက်စီးပြီး အဆောက်အဦအတွင်း ပိတ်မိပြည်သူများအား မီးသတ်ဦးစီး ဌာန၊ တပ်ခွဲအဆင့် ရှာဖွေကယ်‌ ဆယ်ရေးတပ်ဖွဲ့ဝင်များက မျက်မြင်လူနာ များအား ဦးစားပေးအလိုက် ဘေးကင်းဇုံသို့ သယ်ယူရွှေ့ပြောင်းခြင်း၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး စက်ကိရိယာများဖြင့် ပိတ်မိပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်း လက် တွေ့သရုပ်ပြသမှုများကို ကြည့်ရှုအား ပေးခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
 
ယင်းနောက် မီးသတ်ဦးစီးဌာန၊ တပ်ခွဲအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသ အဖွဲ့အား ချီးမြှင့်ငွေကျပ် (၅)သိန်း ပေးအပ်ခဲ့ကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။
 
ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်နှင့် ပညာရေး ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေး စကား ပြောကြားခဲ့ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။