မိုင်းနောင် ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အထက ကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့ဦးစီးမှူးဒေါ်နန်းမီးကပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ ကိုရှင်းလင်းကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား/ ကျောင်းသူများ အား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆုပေးပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ဆရာ/ဆရာမများ၊ဆုရကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းမီး(မိုင်းနောင်)