မြိတ်မြို့  Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြိတ်   ဇွန်   ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ဗဟုသုတများတိုးပွားလာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ မြိတ်မြို့နယ်စာရေးဆရာများနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီအချိန်က “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ  Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာဖေမြင့်ရေးသားထားသော “အပြောင်မြောက်ဆုံး ဘဝ တစ်ခုတည်ဆောက်ခြင်း”စာအုပ်မှ လူငယ်လူရွယ်များအနေဖြင့် မိမိဘဝကိုမိမိရွေးချယ်ထား သည့် မည်သည့် နယ်ပယ်၌မဆို အပြောင်မြောက်ဆုံးတည်ဆောက်လိုသည့်ပုဂ္ဂိုလ်များအား သတိပြုစရာ၊ ဆင်ခြင်စရာ၊ လက်တွေ့ကျင့်ဆောင်စရာ၊ ကျင့်စဉ်နည်းလမ်းများကို ကမ္ဘာတွင် အောင်မြင်ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်ကျော်များစွာတို့၏ အတ္ထုပ္ပတ္တိငယ်များအားဖြင့် သာဓက ဆောင်ကာ စီစဉ်တင်ပြထားသော အကြောင်းအရာများအား ခေါင်းစဉ်အလိုက် စာရေးဆရာ ဝင်းမြအောင်နှင့် ဦးထွန်းဝင်းတို့က ဆက်လက်ဆွေးနွေးခဲ့ရာ စာပေချစ်သူများနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချောစုဝင်း(ပြန်/ဆက်)