မြိတ် သြဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေညာချက်အရ မြိတ်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်းအောင်စာရင်းများကို အချိန်နှင့်တပြေးညီထုတ်ပြန်ကြေညာခဲ့ပြီး ယမန်နေ့ နံနက် (၉) နာရီအချိန်မှစ၍ အ.ထ.က ကျောင်းများ၌ Social Distancing နှင့်အညီ ကြေညာထားကြောင်း သိရသည်။
မြိတ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ (၇၁၈၉) ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၂၃၀၅) ဦး တွင် တစ်ဘာသာဂုဏ်ထူး (၂၂၈) ဦး နှစ်ဘာသာဂုဏ်ထူး (၇၄) ဦး၊ သုံးဘာသာဂုဏ်ထူး (၄၀) ဦး၊ လေးဘာသာဂုဏ်ထူး (၂၉) ဦး၊ ငါးဘာသာဂုဏ်ထူး (၇) ဦး၊ ခြောက်ဘာသာဂုဏ်ထူး (၄) ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင် ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တတိယအဆင့်ဖြင့်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝါဝါခိုင်(မြိတ်ခရိုင် ပြန်/ဆက်)