မြင်းခြံ ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံ မြို့တွင်၊ အသက်၅၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာဖျားနာခြင်းနှင့် အသက်၆၇နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှာ အနံ့မရရှိခြင်းတို့ကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေစဉ် Rapid test kit ဖြင့် စစ်ဆေးခဲ့ရာ ၄င်းတို့၂ ဦး မှာ ရောဂါပို့တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိ လူနာ၂ ဦးအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်တွင် ဆေးကုသမ များ ဆောင်ရွက်ပေးလျက် ရှိပြီး ၎င်းနှင့် ထိတွေ့မှုရှိသူမိသားစုဝင် အမျိုးသမီး ၃ ဦးတို့အား Home Quarantine နေထိုင်ရေးစီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)