ဟိုပန် ဇွန် ၂၆
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို COVID-19 စည်းကမ်းချက် များနှင့်အညီ ယနေ့နံနက် ၉နာရီအချိန်က“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့လာသော သဝဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်က ဖတ်ကြားခဲ့ သည်။ယင်းနောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများနှင့်ဆိုးကျိုး အန္တရာယ်များ အကြောင်းကို အမှတ်(၂၁)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု တာဝန်ခံ ဒုတိယရဲမှူး မျိုးမြင့်က Projector ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်တာဝန်ရှိသူများက ဆုနှင့်ဂုဏ်ပြုလွှာ များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သိန်းအောင်