ကျောက်မဲ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန် က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝင်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ် ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ကျောက်မဲမြို့ ပေါ်ရှိ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(ခွဲ)အလက(၃)နှင့် အလက(၄) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲဝင် ၅ ဦးအား ပထမဆု၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ၂ ဆု ဟူ၍ ဆုများ ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း