ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်နိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ မှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာ ပိုးတွေ့လူနာ(၂၁)ဦးရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် သံသယရှိသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ ရောဂါပိုး တွေ့ရှိလူနာနှင့် ထိစပ်ခဲ့သူအမျိုးသား(၄၀)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း (၅၉)ဦးအား Test Kit ဖြင့်စစ်ဆေး ရာ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၂၁)ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား လူမှုကူညီရေးအသင်း(ကျောက်ဆည်)မှ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောပိုးရှိသူ (၅၇)ဦးကို စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)