ချင်းရွှေဟော် ဇွန် ၂၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အများပြည်သူ အမျိုးသား(၂၃၆)ဦးနှင့် အမျိုးသမီး(၁၉၄)ဦး၊ စုစုပေါင်း(၄၃၀) ဦးတို့အား ကိုဗစ် -၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲ နမူနာ Swab များရယူခြင်းကို ယနေ့၊ နံနက်(၉)နာရီက ကိုးကန့်စာသင်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ချင်းရွှေဟော်ကိုးကန့်ပရဟိတအဖွဲ့များ၊သန္တိသုခ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် စာရင်းဇယား အချက် အလက် များ တိကျမှန်ကန်စွာကောက်ယူ၍ ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ် Swab များရယူခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)