ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီတွင် ကမာရွတ်မြို့နယ် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပေးအပ်ပွဲအခမ်းအနား ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ခရိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားပြီး အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက် ပိုင်းခရိုင်၊ ခရိုင်းမှူးနှင့် ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တပ်မှူး ဗိုလ်ကြီး မင်းဝင်းမွန်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို မိသားစုများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း  နေထိုင်ကြတဲ့   နိုင်ငံသားတိုင်း   နိုင်ငံသားအခွင့်အရေးရရှိစေရန်   နှင့် နိုင်ငံသား အရည်အချင်းပြည့်မီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ  အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ  တာဝန်ယူ ၍  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း နှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြား  ထုတ်ပေးခြင်းကို      ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မေလ(၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ   (၃)ရက် နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီး မှူးရုံးမှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိ ဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်(၁၀)တွင် အသက်(၁၈) ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးနှင့် ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။