ဒေါ့ဖုန်းယန်မြို့ ဇွန် ၂၆
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီတွင် ဒေါ့ဖုန်းယန်မြို့ရှိ အခြေခံပညာကျောင်း ၊ ဒေသခံပြည်သူများနှင့် ဈေးတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူများ အသိပညာတိုးပွားစေရေး ရည်ရွယ်၍ မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်း ခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ပါဝင်ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)