ကျွန်းစု ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေ ဖတ်ရှု ခြင်း အသိဉာဏ်ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က “အချိန်ကို အသုံးချနည်း” စာအုပ်ဖြင့် မြို့နယ် ပြန်/ဆက် ရုံးရှိ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “အချိန်ကိုအသုံးချနည်း”စာအုပ်မှ အချိန်ကို အသုံးချနည်း ခေါင်းစဉ်ဖြင့် ဦးကျော်နိုင် က ဆက်လက်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေချစ်သူ များနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)