တနင်္သာရီ ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မူးယစ် အန္တရာယ်ရှောင်ကြဉ်ဖွယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီမြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်သီသီခိုင်က Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးနေဝင်းမှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ၊ စီးပွားရေးဆိုင်ရာပျက်စီးရှုံးဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာ ဆိုးဝါးစွာထိခိုက်မှု များနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုစုံလင်စွာ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တနင်္သာရီမြို့နယ်အတွင်း လူငယ်လူရွယ်များ အကြားအများဆုံးအသုံးပြု လျက်ရှိသည်မှာ ဘိန်းစာရွက်နှင့် ဘိန်းစာမှုန့်များဖြစ်ပြီး လူငယ်များသည် လုပ်ငန်းခွင် အတွက်ဖြစ်စေ၊ စီးပွားရေးအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ အသုံးပြုပါက ဥပဒေ အရ ကာကွယ်ပေး၍မရကြောင်း၊ ယခုနှစ် (၃၄)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်မီးရှို့ဖျက်ဆီးပွဲသို့ တနင်္သာရီမြို့နယ်အနေဖြင့် ပေးပို့နိုင်သောမူးယစ်ဆေးဝါးများမှာ WYဆေးပြား(၂၄၂၁၀)ပြား၊ ICE(. ၁၄၀၂) ကီလိုဂရမ်၊ဘိန်းစာမှုန့်(၁၀၂၈.၃၉၁၇) ကီလိုဂရမ်နှင့် ဆေးခြောက်(၆.၆၇၀၈၂) ကီလိုဂရမ် ပေးပို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)