မိုင်းငေါ့ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀နာရီ ၃၀ အချိန်ခန့်က လွယ်ကြူကျေးရွာအုပ်စု လွယ်ကြူကျေးရွာ၊ ဟိုပုံကျေးရွာ၊ ပရိုးကျေးရွာ၊ တော်မွန်းကျေးရွာ၊ မန်ဟိုင်းကျေးရွာ၊ ဆွတ်လွေးကျေးရွာနှင့် ပန်ဟိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား လွယ်ကြူ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူးဦးခမ်းရီက သွားရောက်၍ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ- ၆၆ / ၆ နှင့် အသက် (၁၀ )နှစ် ပြည့် (၂)ဦး ၊အသက် (၁၈) နှစ်ပြည့် (၂)ဦး ၊ လဲလှယ် (၁၃) ဦး ၊မိတ္တူ (၁ )ဦး စုစုပေါင်း (၁၈)ဦး တို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိ နေသေးသည့်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအားဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)