မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ဆောင်ရွက်

မိုင်းယောင်း ဇွန် ၂၆

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်၍ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ ဒုတိယရဲမှူး ရဲဝင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌက်ဖျားအဖွဲ့နှင့် မြို့မကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လူမှုရေးအဖွဲ့များက ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းနှင့် နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း