(၃၄)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက် ဆီးပွဲအခမ်းအနားကျင်းပ

အောင်မြေသာစံ ဇွန် ၂၆

မန္တလေးမြို့တွင် (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီး ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစား ကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီးမူး ယစ်ဆေး ဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ကျော်မင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ် လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့်မူးယစ်ဆေးဝါး များနှင့် ဆက်စပ်ပစ္စည်းများအားလိုက်လံ ကြည့်ရှုစစ်ဆေး ကြပြီး အဆိုပါမူးယစ်ဆေးဝါးများအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့က စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။

အဆိုပါအခမ်းအနားတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်း၇၄၃ကီလိုကျော်၊ ဘိန်းဖြူ၅၀၂ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း၅၀ကျော်၊ အိုက်စ်၈၂၆ကီလိုကျော်၊ ကတ်တမင်း၁.၄ကီလို ကျော်အပါအဝင် မူးယစ်ဆေးဝါး(၂၉) မျိုးနှင့် ဓာတုပစ္စည်း(၇)မျိုး၊ စုစုပေါင်း အမျိုးအစား (၃၆)မျိုးတို့၏ စုစုပေါင်းတန်ဖိုး ကျပ်သန်း ၁၈၆.၀၃၇၇ ဘီလီယံ၊ အမေရိကန်ဒေါ်လာ သန်း ၁၁၆.၂၇၃၅ကျော်အား မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)