မိုးမိတ် ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ပသို့ ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြို့မဈေးနှင့် လူစည်းကားရာ လမ်းတစ်လျှောက်တို့တွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ပြည်သူများ မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ ကိစ္စရပ်များအတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ကြခြင်းဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန်အတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်း လှုပ်ရှားမှုများ ကို မကြာခဏ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ကော်မတီမှ သိရသည်။
မိုးမိတ်သား