မြိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား နှာခေါင်းစည်းများ လှူဒါန်းပေးအပ်

မြိတ် ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ စာသင်ကျောင်း(၂)ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦးနှင့် ဆရာ၊ ဆရာမ(၄၈)ဦးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် နှင့် တာဝန်ရှိသူများသည် အခြေခံပညာ မူလတန်းလွန်ကျောင်း(ပါရမီ)သို့ သွားရောက်၍ ကျောင်းသား/သူ(၈၀)ဦးနှင့် ဆရာ/မ(၁၄)ဦးအား နှာခေါင်းစည်း (၄၆)ဗူး လှူဒါန်းပေးအပ်ခဲ့ကြပြီး အမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်း(ဘုရားကိုင်)သို့ သွားရောက်၍ ကျောင်းသား/သူ (၂၇၀)ဦးနှင့် ဆရာ/မ(၁၄)ဦးအား နှာခေါင်းစည်း (၁၀၇)ဗူး လှူဒါန်းပေးအပ်ခဲ့ကြသည်။

နှာခေါင်းစည်းများ လှူဒါန်းရာတွင် ကျောင်းသား/သူ တစ်ဦးချင်းအလိုက်  လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က  ဆရာ/မများအား ပညာသင်ကြားရာတွင် ကျောင်းသား/သူများ အား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ပညာသင်ကြားပေးကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )