ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

တောင်ကြီး ဇွန် ၂၆

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ယခုလို တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းနှင့် တွဲဖက်ဝန်ထမ်းများအား ထောက်ပံ့ပေးရာတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ထမ်း (၃၆၄)ဦးကို ဆန်၊ ဆီနှင့် ကြက်ဥထောက်ပံ့မှု တန်ဘိုး (၁၅၆၅၂၀၀)ကျပ်၊ မတ်လတွင် ဝန်ထမ်း (၃၃၁)ဦးကို ဆန်၊ ဆီ၊ ကြက်ဥ၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဉ်သီး ထောက်ပံ့မှု တန်ဘိုး (၂၅၁၉၆၀၀)ကျပ်၊ ဧပြီလတွင် ဝန်ထမ်း(၃၀၉) ကို ငွေသားဖြင့် ကျပ်(၁)သောင်းစီ၊ တန်ဘိုးထောက်ပံ့ငွေ (၃၀၉၀၀၀၀၀)ကျပ်၊ ယခု ဇွန်လတွင် ဝန်ထမ်း (၃၂၃)ဦးကို သကြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်ဥ၊ ထောက်ပံ့ငွေတန်ဘိုးကျပ် (၆၄၆၀၀၀၀) ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့် ယခုကာလတွင် ရုံးကိုအချိန်မှန်တက်၍ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေသောကြောင့် အထူးဂရုစိုက်ရန်၊ mask တပ်ပေးကြရန်၊ လက်များကို Hand Gel ဖြင့် ဆေးပေးကြရန် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာပေးကြရန်နှင့် အသွားအလာဆင်းပေး ကြရန်၊ ယခု ဝန်ထမ်းများကို ထောက်ပံ့ပေးမှုတွင် မိမိတို့ဘက်မှ သတ်အားသရွေ့ ထောက်ပံ့ပေးပါကြောင်း၊ လုပ်ငန်းများကို အောင်မြင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း/ အရာထမ်းများ၊ တွဲဖက်ဝန်ထမ်းများကို သကြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ထောက်ပံ့ငွေများကို ရှမ်း ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲဝင်များ အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)