ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းဆောင်ရွက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

ဘားအံ      ဇွန်   ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေ ရေး၊ လမ်းပျက်စီးမှုမရှိစေရေး၊ မြို့သာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်မြန်ဆန် စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ကျပ် (၂၈၆.၉၆၂)သန်းဖြင့် ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးတွင် အုတ်စီရေ မြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အုတ်စီရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အရှည် (၃၇၁၀)‌ ပေ၊ အကျယ်(၃)ပေ၊ အနက်(၄)ပေရှိပြီး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်စေရေးအတွက် ဘားအံမြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက် အင်ဂျင်နီယာ ဦးဇော်လင်းထင်မှ တာဝန်ယူကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါလုပ်ငန်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင်(၉၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးပါက ရေစီးရေလာကောင်းမွန်ပြီး အများ ပြည်သူများ၏ သွားလာမှု မြန်ဆန်စေရေး၊ မြို့သာယာလှပစေရေးနှင့် ကျန်းမာရေးတို့ အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)