မရမ်းကုန်း သြဂုတ် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စေရေး ဆောင်ရွက် ထားရှိမှုနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာခြင်းအား ဩဂုတ်လ ၁၄ ရက်နေ့ ထိ တိုးမြှင့်ကပ်ထားမှု အခြေအနေ တို့ကို ယမန်နေ့ နံနက်(၈)နာရီက လွှတ်တော် ကိုယ်စားလှယ် များ ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ထိုသို့လှည့်လည်ကြည့်ရှုစဉ် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသော နိုင်ငံသားတိုင်း မဲပေးနိုင်ရေး အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး၊ ပြင်ဆင်ဖြည့်စွက်ခြင်း များ လာရောက် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာ ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး စသည်တို့ကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)