ရမည်းသင်း ဇွန် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်အားစာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဝန်ထမ်းများအားလုံး စာပေဖတ်ရှု့သည့် အလေ့အထနှင့် စာဖတ်သည့်အလေ့အကျင့် တိုးတက်စေရန်အတွက် အပတ်စဥ်သောကြာနေ့တိုင်း စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်နှင့် ဝန်ထမ်းများက လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်အား. ဖတ်ရှု့ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးက ဝန်ထမ်းတစ်ဦးချင်း စီအလိုက် နားလည်မှတ်သားထားမှုအခြေအနေကို သိရှိနိုင်ရန်အတွက် မေးခွန်းများ မေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ရမည်းသင်း)