မိုင်းရယ် ဇွန် ၂၅
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်း သား/သူများအား ဆုပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင် က ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တယ်သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင် က လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ် အဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော် က လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူ များအား မြို့နယ်ရဲတပ်ဖွဲ့မှူးက လည်းကောင်း၊ ပန်းချီပြိုင်ပွဲဆုရရှိသူများအား မြို့နယ်စီမံကိန်း ဦးစီးမှူးကလည်းကောင်း အသီးသီး ဆုများပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)