ပင်းတယ ဇွန် ၂၅
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဦးစီးအရာရှိ ဒေါ်ကြူကြူလှိုင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပင်းတယမြို့နယ် ပင်းတယမြို့မရဲစခန်းမှ ဒုရဲမှူး ဝင်းမြင့် တို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆိုးကျိုးများ စသည့် အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show အပြည့်အစုံကို We Love Pindaya Page မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ပင်းတယရုံးအနေဖြင့် Talk Show အစီအစဉ်များ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း ကဗျာရွတ်ခြင်း စသည့်အစီအစဉ်များကို We Love Pindaya Page နှင့် ပြည်သူ့စာကြည့်တိုက် Page များတွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)