တောင်သာ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် နှလုံးရည်ရာအထောင်နဲ့ (အတွေးအမြင်ဆောင်းပါးများ)စာ
အုပ်ဖြင့်စာဖတ်ဝိုင်းကို ဇွန်လ(၂၅)ရက်၊ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဦးထိန်လင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ စာကြည့်တိုက်လက်ထောက် (၃)ဒေါ်သိမ့်သိမ့်အေးက နှလုံးရည်ရာအထောင်နဲ့(၁) ခေတ်စမ်းဆရာ မည်ထိုက်စွာ (သို့မဟုတ်) ဆရာကြီး ဦးဖေမောင်တင်ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ရုပ်သံကျွမ်းကျင် (၃)ဒေါ်ဌေးဌေးဝင်းက စိတ်ကူးကိုနှိုဆွခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်တင်မိုးခိုင်က အသိဉာဏ်လှုပ်ရှားမှု ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဦးစီးမှူးနှင့်ဝန်ထမ်းများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)